ကျွန်မအချစ်ဆုံးအတွက် စာတပုဒ်ရေးချင်ပါတယ်။
ဒါပေမဲ့ သူ ဒီစာကို ဖတ်ဖြစ်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေက အင်တာနက်မသုံးတက်ဘူးလေ။ ညီမလေးက ပြန်ပြောပြရင်တော့ တစ်မျိုးပေါ့လေ။
ကျွန်မငယ်ငယ်လေးကတည်းက လူတွေက မေးတက်တယ်။ သင်ဇာ က အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲတဲ့။ ကျွန်မအမြဲတမ်းပြန်ဖြေတက်တာ “အဖေ့ကို ပိုချစ်တယ်” လို့ပေါ့။ (အမေ့ရဲ့အမေ) အဘွားကလဲ ဆက်ဆက်ထိမခံ နာတက်ပါတယ်။ ဒါပေမဲ့ အိမ်မှာ မတည့်ဆုံးကလဲ ကျွန်မနဲ့ဖေဖေပါ။ သားအဖနှစ်ယောက် တွေ့လိုက်မှဖြင့် တယောက်ကိုတယောက် နာကျင်အောင် ၊ မခံသာအောင် ၊ အရွဲ့တိုက် ပြောနေကြတာချည်းပါပဲ။
သူမကျေနပ်တဲ့အခါတိုင်း (ကျွန်မအသက် ၂၀ မကျော်ခင်အထိ ) ကျွန်မကို အိမ်ကဆင်းသွားဖို့ မကြာခဏ နှင်ချတက်တယ်။ ကျွန်မကလဲ စကားကို ၁ခွန်းမှအကျောမခံဘူး။ ချက်ချင်း အထုပ်ပြင်ပြီး အဖွားဆီလစ်တက်ပါတယ်။ ကျွန်မ ဒိုင်ယာရီတွေ မကြာခဏ ခိုးဖတ်တက်တဲ့ ဖေဖေက သော့ခတ်ထားတဲ့ စာအုပ်ကို သံမှိုနဲ့ဖွင့်တာကျွမ်းကျင်ပါတယ်။ ကျွန်မ ပိုက်ဆံအိတ်ကို မွှေတက်လွန်းတဲ့ ဖေဖေဟာ ပိုက်ဆံအိတ်ထဲက သူ့ဓါတ်ပုံတွေ့တိုင်း ကြည်နူးသွားတက်ပြန်တယ်။
သူငယ်ချင်းတွေကို သူ့ထက်ပိုပြီး ဦးစားပေးမှာ စိုးရိမ်တက်လွန်းတဲ့ ဖေဖေဟာ ကျွန်မဆီ ဖုန်းဝင်လာတိုင်း အော်ဆဲတက်ပါတယ်။ ကျွန်မကို သူ့အနားက ခွဲသွားမှာ ကြောက်လို့ ချစ်သူမရှိစေချင်တဲ့ ဖေဖေက ကျွန်မအိမ်ထောင်မကျတော့မှာကိုလဲ တွေးပူတက်ပါသေးတယ်။ အမေ့အမျိုးတွေကို သိပ်မုန်းတဲ့ ဖေဖေက တစ်ခါတစ်ရံမှာ နားမလည်နိုင်လောက်အောင် နားလည်မှုအပြည့်နဲ့ ကူညီပေးနေတက်ပြန်သေးတယ်။
သမီးကြီးကို အငယ်တွေအတွက် လမ်းပြကြယ်ဖြစ်စေချင်တဲ့ ဖေဖေရေ. . . သမီးကို လူကြီးတစ်ယောက်လို မြင်ပေးပါ။
သမီး မအောင်မြင်သေးတဲ့အခိုက်မှာ ကြိုးစားနေတယ်လို့ ယုံကြည်ပေးပါ။
သမီး လဲကျလို့ ငိုတဲ့အခါ ဖေဖေပါ လိုက်ငိုဖို့ မကြိုးစားပါနဲ့။
သမီးဟာ ဘယ်လောက်ပဲ ကလန်ကဆန်လုပ်ခဲ့ပါစေ နောက်ဆုံးတော့ ဖေဖေခင်းတဲ့လမ်းကိုလျှောက်နေကြဆိုတာ သတိရပေးပါ။
နောက်ဆုံးပြောချင်တာလေးက . . . ဖေဖေ ဖြစ်ချင်တာ ဘာလဲဆိုတာ ကျေးဇူးပြုပြီး သိအောင်လုပ်ပေးပါ။


ကျွန်တော်နဲ့ အဖြစ်ချင်းသိပ်မကွာပါဘူး…။ နောက်ပိုင်း အဖေ့ကို ချစ်တာကို သိပ်ပေါ်ပေါ်ထင်ထင်ကြီး မပြဖြစ်ပေမယ့် ဆုံးရှုံးလိုက်ရမှာကို ကြောက်နေတယ် ။ ဒါပါပဲ ကျွန်တော့်ဘ၀အတွက် ဟီးရိုးက အဖေက လွဲပီး တခြားဘယ်သူမှမဖြစ်နိုင်ပါဘူး..။
ဟုတ်တယ် ငါ့ရဲ့ဟီးရိုးကလဲ အဖေပဲ။
း)))))
နီးတကျက်ကျက် ဝေးတစ်သက်သက်
အမှန်ပဲ။ အဝေးေ၇ာက်ရင် သူ့အသံကြားတိုင်းငိုချင်တယ်။ နီးရင် အသံကို မကြားချင်တာ။
ဖတ်ရင်းတောင်အဖေ့ ကိုသတိရလာပြီ