ကိုယ်တို့ဟာ တစ်ခုတည်းသော ကောင်းကင်အောက်မှာ အတူတကွရှိနေကြတယ်ဆိုတာ. . .
နောက်ပြီး . . . ညတွေဟာ မင်းအတွက် လစ်ဟာနေသမျှ ကိုယ့်အတွက်လဲ ဗလာသက်သက်ဖြစ်နေတယ်ဆိုတာ မနက်ထိအောင် မစောင့်နိုင်တော့ဘူးလို့များ မင်းခံစားလိုက်ရရင်
မိုးကိုနမ်းပါ ၊ မိုးကိုပဲနမ်းပါ ၊ မိုးစက်တွေကိုပဲ နမ်းစမ်းပါ။
ဟဲလို . . .
မင်း . . .ကိုယ့်အသံကိုကြားရဲ့လားဟင်. . . ကိုယ့်အသံကိုကြားရဲ့လားဟင်. . . ကိုယ့်အသံကိုကြားရဲ့လားဟင်. . .
ဘီလီမိုင်းယားစ်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ချစ်သူနဲ့ မိုင်ပေါင်းများစွာ အဝေးတစ်နေရာကို ရောက်နေရတဲ့ မိန်းကလေးတစ်ယောက် ဘာတွေရင်ဆိုင်ကြုံတွေ့ရတက်တယ်ဆိုတာ ဖွင့်ပြလိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီလိုအဖြစ်မျိုး ဒီလိုအချိန်မျိုးမှာ ကိုယ့်ဖက်က ဖက်တွယ်ဆုပ်ကိုင်စရာဆိုလို့ ချစ်သူအပေါ် ယုံကြည်စိတ်ချမှုတစ်ခုသာ ရှိတာပါ။
မိုင်ပေါင်းထောင်နဲ့ချီပြီး ဝေးနေကြတာဆိုတော့ ကိုယ့်ဆီမှာ နေ့လည်ခင်းဟာ ချစ်သူဆီမှာ ညဉ့်နက်သန်းခေါင်ဖြစ်နေတုန်းပဲပေါ့။ ချစ်သူကို လွမ်းလွန်းလို့ ၊ ချစ်သူကလဲ လွမ်းနေမှာသိလို့ ၊ ချစ်သူ့စကားသံလေးကြားချင်လွန်းလို့ ဖုန်းဆက်လိုက်ကာမှ ဖုန်းထဲမှာ ရယ်သံတစ်ခု ကြားလိုက်ရသတဲ့။
ဝမ်းနည်းမှု ၊ နာကျင်မှု ၊ အခံရခက်မှုနဲ့အတူ အံ့သြတုန်လှုပ်မှုတွေ ဘယ်လောက်ထိ ဖိစီးနှိပ်စက်ခံလိုက်လေမလဲနော်။
ညဆိုတဲ့ ဖမ်းစားမှုတစ်ခုကနေ မလွတ်မြောက်နိုင်သေးခင် (မနက်အလင်းရောင်မလာခင်) အချိန်အတွင်း မင်းရဲ့တမ်းတစိတ်တွေကို အာရုံလွှဲပစ်ဖို့ (တခြားနှုတ်ခမ်းတစ်ခုခုကို နမ်းမဲ့အစား) မိုးကိုပဲနမ်းလိုက်ပါတော့လား အချစ်ရယ် လို့ ကြေကွဲစွာ တောင်းပန်ညည်းညူ လိုက်ရတဲ့ ခံစားချက်ကို ဘီလီမိုင်းယားစ် ရဲ့ အသံမှာ တွေ့နိုင်ပါတယ်။
ဘုရားရေ. . .
ချစ်သူနဲ့ ကိုယ်နဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာ ရောက်နေကြရတဲ့ အဖြစ်ဟာ မိန်းမတစ်ယောက်အတွက်တော့ တော်တော်ရက်စက်တဲ့ ကံကြမ္မာရဲ့ စီရင်ချက်တစ်ခုပါပဲလား။
Kiss the Rain


အသံကြားရဲ့လားဟင်
မကြားဘူးထင်ပါတယ်
ဒါမှမဟုတ် မကြားချင်ယောင်ဆောင်နေတာ နေမှာ
လိုနေတာ အသစ်……………
အမနော် ရှင်းရှင်းပြော ဟီး။
အသစ်ပါဆို . . . အသစ်ပေါ့ (ကျန်တာ ဖြည့်တွေးပါ) ဟိဟိ
အသစ်ဆိုတော့ လဲ သစ်လိုက်ပေါ့…
အသစ်လဲ ကြာရင်ဟောင်းသွားမှာပဲ…..:P